သရက်ပင် အသီးမှန် အသီးလှိုင်စေဖို့
|သရက်ပင် အသီးမှန်အသီးလှိုင်စေဖို့
စိုက်ပျိုးရေး ဝါသနာပါတဲ့ညီငယ်တို့ မြေအခက်အခဲကြောင့် အိမ်ခြံဝိုင်းထဲမှာ သရက်ပင်(၁)ပင်စ(၂)ပင်စ စိုက်ထားတာဘဲဖြစ်ဖြစ် စီးပွားဖြစ် သရက်ခြံကြီး စိုက်ထားရင်ဘဲဖြစ်ဖြစ် အပင်သန်မာ အသီးလှိုင်တာကိုလိုချင်မှာပေါ့။ နည်းပေးလိုက်မှာ လွယ်လွယ်လေးပါ။
သရက်ပင်အောက် ပတ်ပတ်လည်မြေကြီးမှာ ချိုင့်ခွက်တွေ၊ ကျင်းတွေတူး (အမြစ်တွေမနာစေနဲ့)ပေးပြီး (၁)ပတ်(၁)ကြိမ် ရေဝအောင် မှန်မှန်သွင်းပေးရင် နှစ်စဉ်အသီးထွက်လှိုင်လာပါမယ်။
ဒါ့အပြင် ပိုးမစား၊ကိုင်းမကျိုးတဲ့အကျိုး ကျေးဇူးတွေပါ ခံစားရပါမယ်။ နောက်ပြီး အပွင့်မပွင့်မီ (၁)လအလိုလောက်မှာ အပင်အောက်က မီးခိုးမှိုင်းတိုက် (အပူရှိန်မများစေနဲ့) ပေးရင်အပွင့်ကောင်းပြီး သီးကင်းကြွေနည်းတယ်။
သရက်ပင်ကို အကောင်းဆုံးသော ပိုးကာကွယ်နည်းကတော့ ဆန္ဒန်ဆင်မင်းဇတ်ထဲက ဇတ်ပို့တစ်ကောင်ဖြစ်တဲ့ ခါချဉ်ကောင်ကိုသာ သရက်ပင်မှာမွေးလိုက်။
အင်ကြင်းပန်းထဲက ခါချဉ်ကောင်ဟာ စူဠသုဘဒ်ဒါက ဆန္ဒန်ဆင်မင်းကို ဘဝဆက်တိုင်း အငြိုးထားစေတယ်နော် ဟဲဟဲ။ ဘာဘဲပြောပြော ညီငယ်ရဲ့သရက်ပင်ပေါ် ခါချဉ် (၁)အုံလောက်ရှိနေတာဟာပိုးသတ် ဆေးစက်ရုံကြီးပေါင်း (၁၀) ရုံထက်စွမ်းတယ်လို့ မှတ်ပါ။
တခုတော့ရှိတယ် သရက်သီးခူးချိန်မှာ စူဠသုဘဒ်ဒါဖွဈတတျတာလေးတော့ သည်းခံပေါ့။
Credit-(နဂါးနိုင်)
Zawgyi
Credit-(နဂါးနိုင်)