အိန္ဒြာကျော်ဇင် ဂျာမနီ ရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင် ထူးချွန်ဆုရရှိ

အိန္ဒြာကျော်ဇင် ဂျာမနီရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင်ထူးချွန်ဆုရရှိ

 

 

What happened to the wolf ရုပ်ရှင်ဖြင့် အိန္ဒြာကျော်ဇင် အကောင်းဆုံးသရုပ်ဆောင်ဆု ရရှိ

 

စက်တင်ဘာ ၂၀၊ ၂၀၂၁ ဂျာမဏီနိုင်ငံတွင် ကျင်းပသည့် Oldenburg International Film Festival ၌ what happened to the wolf? ရုပ်ရှင်ဇာတ်ကားဖြင့်

 

Seymour Cassel Award for Best Performance ဆုအား သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ရရှိခဲ့ကြောင်း သိရသည်။

 

 

Advisory Board Jury Member, and Award- winning actress, Deborah Kara Unger က သရုပ် ဆောင်ဆိုတာ တန်ပြန် သရုပ်ဆောင်ခြင်းပါပဲ။

 

ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ယောက်ရဲ့ Performances ကိုခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ထိပါပဲ။

 

 

ဒီအဓိက သရုပ်ဆာင် နှစ်ယောက်ဟာ ကျမတို့ (ကြည့်ရှုသူ ပရိသတ်) ကို ရှုပ်ထွေးဆန်းပြားလှတဲ့ ဘဝရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတခုအဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ် ဟု ပြောသည်။

 

အဆိုပါ ဆုချီးမြှင့်ပွဲတွင် what happened to the wolf? ရုပ်ရှင်ဇာတ်ကားဖြင့်

 

အဓိကသရုပ်ဆောင် ၂ ဦးဖြစ်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့က ဆန်ခါတင် ရွေးချယ်ခံထားခြင်း ဖြစ်သည်။

 

 

တယောက်က မထိတရိ၊ တယောက်က ရှေးဆန်ဆန်နဲ့ ချည်းကပ်ကြရာမှာပါးနပ်မှု၊ ရိုးရှင်းမှု၊ အနုပညာစံ ပြည့်ဝမှုတို့နဲ့ သရုပ်ဆောင်ထားပြီး

 

အခြားလူတွေကိုပါ သူတို့ရဲ့လွတ်လပ်မှု အရသာကို ခံစားစေနိုင်စွမ်းပေးခဲ့ပါတယ်။

 

 

ကျမတို့ဟာ ဒီသရုပ်ဆောင်ရဲ့ရိုးရှင်းလှပမှု၊ ပင် ကိုယ်စိတ်ထား၊ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့

 

2021 Seymour Cassel Award for Outsanding Performance ကို
ဏကြီးရဲ့ what happened to the wolf? ရုပ်ရှင်မှ

 

အိန္ဒြာကျော်ဇင်အား ချီးမြှင့်လိုက်ပါတယ် ဟု ၎င်းက ဆက်လက်၍ ပြောဆိုသည်။

 

 

What happened to the wolf ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားပြီးသရုပ်ဆောင်များအဖြစ်

 

အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ လွင်မိုး၊အောင်မြင့်မြတ်တို့အဓိကပါဝင်သရုပ်ဆောင်ထားကာ

 

ဧည့်သည် သရုပ်ဆောင်များအဖြစ် ကျော်ထက်အောင်၊ထူးသာ၊သီရိစိုး၊အားကိုးရာတို့ကသရုပ်ဆောင်ထားကြသည်။

 

 

ဒါ့အပြင် မိတ်ကပ်မေဦးအဖွဲ့ကလည်း ရုပ်ရှင်ကားအတွက် မိတ်ကပ်ဖန်တီးပေးထားတာဖြစ်ပါတယ်။

 

 

အကယ်ဒမီဆုရှင်လည်းဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ရိုးရင်းလှပမှု၊ ပင်ကိုယ်စိတ်ထားနဲ့ တန်ဖိုးဖြတ်မရတဲ့

 

ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တာလို့ What happened to the wolf? ပေ့ချ်ကနေ တရားဝင်ထုတ်ပြန်ထားပါတယ်။

 

 

လက်ရှိမှာတော့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ အင်းစိန်အကျဉ်းထောင်အတွင်း

 

ဖမ်းဆီးချုပ်နှောင်ခံထားရ တာဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ ကနဲ့ တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။

 

 

ဒီရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာနဲ့မိတ်ကပ် ဖန်တီးသူတွေကို စစ်ကောင်စီဘက်က ဖမ်းဝရမ်းထုတ်ထားတာဖြစ်သလို

 

မိတ်ကပ်ဖန်တီးရှင်ဖြစ်တဲ့မေဦးဟာလည်းစစ်ကောင်စီကိုလက်နက်ကိုင်တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်နေပါတယ်။

 

 

လက်ရှိတွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်အား စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့်စစ်ကောင်စီ၏ ဖမ်းဆီး အကျဉ်းချထားသည်မှာ ၅ လကျော် ၆ လနီးပါး ရှိပြီဖြစ်သည်။

 

ဓာတ်ပုံ What happened to the wolf Page

 

Credit

 

 

 

 

 

 

Zawgyi

 

အိႏၵျာေက်ာ္ဇင္ ဂ်ာမနီ႐ုပ္ရွင္ပြဲေတာ္မွာ သ႐ုပ္ေဆာင္ထူးခြၽန္ဆုရရွိ

 

 

What happened to the wolf ႐ုပ္ရွင္ျဖင့္ အိႏၵျာေက်ာ္ဇင္ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆု ရရွိ

 

စက္တင္ဘာ ၂၀၊ ၂၀၂၁
ဂ်ာမဏီနိုင္ငံတြင္ က်င္းပသည့္ Oldenburg International Film Festival ၌ what happened to the wolf? ႐ုပ္ရွင္ဇာတ္ကားျဖင့္

 

Seymour Cassel Award for Best Performance ဆုအားသ႐ုပ္ေဆာင္ အိႏၵျာေက်ာ္ဇင္ကရရွိခဲ့ေၾကာင္းသိရသည္

 

 

Advisory Board Jury Member, and Award- winning actress, Deborah Kara Unger က သ႐ုပ္ ေဆာင္ဆိုတာ တန္ျပန္ သ႐ုပ္ေဆာင္ျခင္းပါပဲ။

 

ဒါေၾကာင့္ ဒီပိတ္ကားေပၚက ႏွစ္ေယာက္ရဲ႕ Performances ကိုခြဲျခားဖို႔ မျဖစ္နိုင္ေလာက္တဲ့ထိပါပဲ။

 

 

ဒီအဓိက သ႐ုပ္ဆာင္ ႏွစ္ေယာက္ဟာ က်မတို႔ (ၾကည့္ရႈသူ ပရိသတ္) ကို ရႈပ္ေထြးဆန္းျပားလွတဲ့ ဘဝရဲ႕ ျဖစ္တည္ျခင္းဆီကို ခရီးတခုအျဖစ္ ေခၚေဆာင္သြားနိုင္ခဲ့ပါတယ္ ဟု ေျပာသည္။

 

အဆိုပါ ဆုခ်ီးျမႇင့္ပြဲတြင္ what happened to the wolf? ႐ုပ္ရွင္ဇာတ္ကားျဖင့္အဓိကသ႐ုပ္ေဆာင္ ၂ ဦးျဖစ္တဲ့

 

သ႐ုပ္ေဆာင္ အိႏၵျာေက်ာ္ဇင္ႏွင့္ ပိုင္ၿဖိဳးသုတို႔က ဆန္ခါတင္ ေ႐ြးခ်ယ္ခံထားျခင္း ျဖစ္သည္။

 

 

တေယာက္က မထိတရိ၊ တေယာက္က ေရွးဆန္ဆန္နဲ႕ ခ်ည္းကပ္ၾကရာမွာပါးနပ္မႈ၊ ရိုးရွင္းမႈ၊ အႏုပညာစံ ျပည့္ဝမႈတို႔နဲ႕ သ႐ုပ္ေဆာင္ထားၿပီး

 

အျခားလူေတြကိုပါ သူတို႔ရဲ႕လြတ္လပ္မႈ အရသာကို ခံစားေစနိုင္စြမ္းေပးခဲ့ပါတယ္။

 

 

က်မတို႔ဟာ ဒီသ႐ုပ္ေဆာင္ရဲ႕ရိုးရွင္းလွပမႈ၊ ပင္ ကိုယ္စိတ္ထား၊ တန္ဖိုးျဖတ္မရတဲ့ ႐ုပ္ရွင္ေလာကအတြက္ သူမရဲ႕ ပါရမီကို အသိအမွတ္ျပဳတဲ့အေနနဲ႕

 

2021 Seymour Cassel Award for Outsanding Performance ကို
ဏႀကီးရဲ႕ what happened to the wolf? ႐ုပ္ရွင္မွ

 

အိႏၵျာေက်ာ္ဇင္အား ခ်ီးျမႇင့္လိုက္ပါတယ္ ဟု ၎က ဆက္လက္၍ ေျပာဆိုသည္။

 

 

What happened to the wolf ႐ုပ္ရွင္ဇာတ္ကားကို ဒါရိုက္တာ ဏႀကီးက ရိုက္ကူးထားၿပီး

 

သ႐ုပ္ေဆာင္မ်ားအျဖစ္ အိႏၵျာေက်ာ္ဇင္၊ ပိုင္ၿဖိဳးသု၊ လြင္မိုး၊ ေအာင္ျမင့္ျမတ္ တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားကာ

 

ဧည့္သည္ သ႐ုပ္ေဆာင္မ်ားအျဖစ္ ေက်ာ္ထက္ေအာင္၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာ တို႔က သ႐ုပ္ေဆာင္ထားၾကသည္။

 

ဒါအျပင္ မိတ္ကပ္ေမဦးအဖြဲ႕ကလည္း ႐ုပ္ရွင္ကားအတြက္ မိတ္ကပ္ဖန္တီးေပးထားတာျဖစ္ပါတယ္။

 

အကယ္ဒမီဆုရွင္လည္းျဖစ္တဲ့ အိႏၵျာေက်ာ္ဇင္ရဲ႕ ရိုးရင္းလွပမႈ၊ ပင္ကိုယ္စိတ္ထားနဲ႕ တန္ဖိုးျဖတ္မရတဲ့ ႐ုပ္ရွင္ေလာကအတြက္ သူမရဲ႕ ပါရမီကို အသိအမွတ္ျပဳတဲ့အေနနဲ႕ ဒီဆုကို ခ်ီးျမႇင့္တာလို႔

 

What happened to the wolf? ေပ့ခ်္ကေန တရားဝင္ထုတ္ျပန္ထားပါတယ္။

 

 

လက္ရွိမွာေတာ့ သ႐ုပ္ေဆာင္အိႏၵျာေက်ာ္ဇင္ဟာ အင္းစိန္အက်ဥ္းေထာင္အတြင္းဖမ္းဆီးခ်ဳပ္ႏွောင္ခံထားရ တာျဖစ္ၿပီး နိုင္ငံေတာ္အၾကည္ညိုပ်က္ေစမႈ ၅၀၅ ကနဲ႕ တရားစြဲဆိုခံေနရတာျဖစ္ပါတယ္။

 

 

ဒီ႐ုပ္ရွင္ဇာတ္ကားမွာပါဝင္တဲ့ သ႐ုပ္ေဆာင္၊ ဒါရိုက္တာနဲ႕မိတ္ကပ္ ဖန္တီးသူေတြကိုစစ္ေကာင္စီဘက္က ဖမ္းဝရမ္းထုတ္ထားတာျဖစ္သလို မိတ္ကပ္ဖန္တီးရွင္ျဖစ္တဲ့ ေမဦးဟာလည္း

 

စစ္ေကာင္စီကို လက္နက္ကိုင္ေတာ္လွန္ေရးအတြက္ ပါဝင္ေဆာင္႐ြက္ေနပါတယ္။

 

 

လက္ရွိတြင္ သ႐ုပ္ေဆာင္ အိႏၵျာေက်ာ္ဇင္အား စစ္အာဏာရွင္ဆန့္က်င္ေရး လႈပ္ရွားမႈမ်ားတြင္ ပါဝင္ခဲ့သျဖင့္စစ္ေကာင္စီ၏ ဖမ္းဆီး အက်ဥ္းခ်ထားသည္မွာ ၅ လေက်ာ္ ၆ လနီးပါး ရွိၿပီျဖစ္သည္။

 

ဓာတ္ပုံ What happened to the wolf Page

 

Credit

Add a Comment

Your email address will not be published. Required fields are marked *