ငယ်ရုပ် လုံးဝမပျောက်ဘဲ ကြီးပြင်းလာပြီး အခုချိန်အထိ ချစ်ဖို့ကောင်းနေဆဲဖြစ်တဲ့ ထိုင်းမလေး Lisa ရဲ့ ရှားရှားပါးပါး ငယ်ဘဝ ပုံရိပ်လေးများ

ငယ်ရုပ်လုံးဝမပျောက်ဘဲ ကြီးပြင်းလာပြီး အခုချိန်အထိ ချစ်ဖို့ကောင်းနေဆဲဖြစ်တဲ့ ထိုင်းမလေး Lisa ရဲ့ရှားရှားပါးပါး

ငယ်ဘဝပုံရိပ်လေးမျာ

 

 

BlackPink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ကတော့ ကမ္ဘာတစ်လွှားကပရိသတ်တွေအမြောက်အမြားရဲ့အားပေးမှုကိုရရှိပြီးလျှမ်းလျှမ်းတောက်အောင်မြင်နေသူလေး ဖြစ်ပါတယ်။

 

 

ထိုင်းမလေးဖြစ်တဲ့ Lisaက ကိုရီးယားနိုင်ငံကိုသွားပြီး YG Entertainmentနဲ့လက်တွဲခဲ့ရာကနေBlackPinkအဖွဲ့ဝင်တစ်ဦးအဖြစ်ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

 

 

အခုချိန်မှာတော့ Lisa က သူမရဲ့တစ်ကိုယ်တော် Album ထဲက LALISA ဆိုတဲ့သီချင်းဗီဒီယိုကိုမကြာသေးခင်ကပဲ ပရိသတ်တွေဆီ ချပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

 

 

 

 

 

ဒီ MV ထဲမှာတော့ Lisa က သူမရဲ့မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေ ပါဝင်အောင် ဖန်တီးခဲ့တဲ့အပြင်ထိုင်းရိုးရာဝတ်စုံကိုပါ ဆန်းသစ်တီထွင်ပြီး ဝတ်ဆင်ခဲ့ပါသေးတယ်။

 

 

ဒါကြောင့် Lisa ကထိုင်းလူမျိုးတွေရဲ့ချီးကျူးအားပေးမှုကိုအပြည့်အဝရရှိခဲ့တဲ့အပြင်သူမရဲ့MV က အချိန်ခဏလေးအတွင်းမှာတင်ရေပန်းစားအောင်မြင်လာခဲ့တာဖြစ်ပါတယ်။

 

 

 

အဆိုရောအကမှာပါသူမတူအောင်ထူးချွန်တဲ့Lisa ကငယ်စဉ်လေးကတည်းကအရည်အချင်းရှိတဲ့ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။

 

 

Lisa က ငယ်ငယ်ကတည်းက ကျောင်းကပွဲစင်မြင့်တွေမှာ ပါဝင်ဖျော်ဖြေခဲ့ရာကနေအခုချိန်မှာတော့ သူမရဲ့အိမ်မက်ကိုလက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

 

 

မြန်မာနိုင်ငံမှာပါ ချစ်ခင်အားပေးသူပရိသတ်တွေ အများအပြားရရှိထားတဲ့ Lisa ကတစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်နေတာပဲဖြစ်ပါတယ်။

 

 

Lisa က ငယ်ရုပ်မပျောက်ဘဲ အခုချိန်အထိ ချစ်ဖို့ကောင်းနေတဲ့သူလေးဖြစ်ကြောင်းကိုလည်းသူမရဲ့ငယ်ဘဝပုံလေးတွေက သက်သေပြလို့နေတာ ဖြစ်ပါတယ်။

 

 

ဒါကြောင့် ပရိသတ်တွေအတွက် ထိုင်းမလေး Lisa ရဲ့ရှားရှားပါးပါး ငယ်ဘဝပုံရိပ်လေးတွေကိုစုစည်းပြီး ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

 

Credit

 

 

 

 

Zawgyi

 


ငယ်ဘဝပုံရိပ်လေးများ

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

Credit

Add a Comment

Your email address will not be published. Required fields are marked *