နောက်ဆုံး အချိန်မှာတောင် လက်သုံးချောင်း ထောင်ပြီး ရဲရင့်ခဲ့တဲ့ သားဖြစ်သူ အတွက် မျက်ရည် မဆယ်နိုင်အောင် ဝမ်းနည်း ပူဆွေးနေတဲ့ မိဘနှစ်ပါး (ရုပ်သံ)

နောက်ဆုံးအချိန်မှာတောင် လက်သုံးချောင်းထောင်ပြီးရဲရင့်ခဲ့တဲ့ သားဖြစ်သူအတွက် မျက်ရည်မဆယ်နိုင်အောင်ဝမ်းနည်းပူဆွေးနေတဲ့ မိဘနှစ်ပါး

(ရုပ်သံ)

 

 

နောက်ဆုံးအချိန်မှာတောင် လက်သုံးချောင်းထောင်ပြီးရဲရင့်ခဲ့တဲ့ သားဖြစ်သူအတွက်မျက်ရည်မဆယ်နိုင်အောင်ဝမ်းနည်းပူဆွေးနေတဲ့မိဘနှစ်ပါးရဲ့ဗီဒီယို

 

(ရုပ်သံဖိုင်ကိုအောက်တွင်ကြည့်ရှုပါရန်)

 

 

ပြီးခဲ့တဲ့ရက်ပိုင်းကတော့အလွန်စိတ်မကောင်းဖြစ်စရာကောင်းပြီးဝမ်းနည်းစရာကောင်းတဲ့

 

ဓာတ်ပုံလေးတစ်ခုလူမှုကွန်ယက်စာမျက်နှာထက်မှာထွက်ပေါ်လာခဲ့ပါတယ်။

 

အကြောင်းကတော့လူငယ်လေးနှစ်ဦးဟာမဆုံးပါးခင်နောက်ဆုံးအချိန်မှာတောင်အမှန်တရားအတွက်

 

ရဲရဲရင့်ရင့်နဲ့ ရပ်တည်ပြီးလက်သုံးချောင်းထောင်ခဲ့တာပဲဖြစ်ပါတယ်။

 

 

ဆုံးပါးသွားတဲ့ အဆိုပါလူငယ်လေးနှစ်ဦးရဲ့ နာမည်က ပါစကွားလယ်နဲ့ ဖီးဒေးလယ်တို့ဖြစ်ကြပြီးဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

 

ယခုမှာတော့ ပြည်သူတစ်ဦးဟာဆုံးပါးသွားတဲ့ လူငယ်လေးတွေရဲ့ မိဘတွေရှိရာစစ်ဘေးရှောင်စခန်းလေးတစ်ခုဆီကို လာရောက်ပြီး ကူညီဖေးမခဲ့ပါတယ်။

 

 

ဆုံးပါးသွားတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ပါစကွားလယ်ရဲ့ မိဘတွေကိုသာ တွေ့ဆုံနိုင်ခဲ့ကြောင်းသိရပြီး

 

ဖီးဒေးလယ်ရဲ့ မိဘများနဲ့တော့ ဖုန်းဖြင့်သာ ဆက်သွယ်ခဲ့ပြီး သွားရောက်တွေ့ဆုံနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။

 

ယခုမှာတော့ ပါစကွားလယ်ရဲ့ မိဘနှစ်ပါးဟာ နောက်ဆုံးအချိန်မှာတောင်အမှန်တရားအတွက်

 

ရဲရင့်ခဲ့တဲ့သားဖြစ်သူအတွက်မျက်ရည်မဆယ်နိုင်အောင်ငိုကြွေးပြီးဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။

 

 

သားဖြစ်သူရဲ့ မှတ်ပုံတင်လေးကို ကြည့်ပြီး လွမ်းဆွတ်သတိရရင်း ယူကျုံးမရဖြစ်နေတဲ့ပါစကွားလယ်ရဲ့မိခင်ကိုသွားရောက်ကူညီခဲ့တဲ့ ပြည်သူက ဗီဒီယိုလေး ရိုက်ကူးထားခဲ့ပါတယ်။

 

ကျဆုံးသွားတဲ့လူငယ်လေးနှစ်ဦးရောက်ရာ ဘုံဘဝကနေ စိတ်အေးချမ်းနိုင်ဖို့အတွက်စစ်ရှောင်စခန်းမှ

 

သူတို့ရဲ့မိသားစုဝင်တွေကို ပြည်သူတွေအနေနဲ့ ကူညီဖေးမပေးကြဖို့အဆိုပါပြည်သူက တိုက်တွန်းလိုက်ပါတယ်။

 

 

မဆုံးပါးခင် နောက်ဆုံးအချိန်မှာတောင်လက်သုံးချောင်းထောင်ခဲ့တဲ့ သားဖြစ်သူပါစကွားလယ်အတွက်

 

ပူဆွေးဝမ်းနည်းနေတဲ့မိဘနှစ်ပါးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်

 

Credit

 

 

 

 

 

Zawgyi

 


 

 


 


 

 


 


 

 


 


 

 


 


 

 


 


 

 


 


 


 


 

 


 


 

Credit

Add a Comment

Your email address will not be published. Required fields are marked *