သူမရဲ့သားလေးလို အရမ်းချစ်ခဲ့ရတဲ့ရေမွန်ကို ဆုံးရှုံးလိုက်ရတဲ့အပေါ် အမေတစ်ယောက်လိုခံစားမှုမျိုးနဲ့ ရင်ဖွင့်လာတဲ့ အဆိုတော်မေခလာ
သူမရဲ့သားလေးလို အရမ်းချစ်ခဲ့ရတဲ့ရေမွန်ကို ဆုံးရှုံးလိုက်ရတဲ့အပေါ် အမေတစ်ယောက်လိုခံစားမှုမျိုးနဲ့ ရင်ဖွင့်လာတဲ့ အဆိုတော်မေခလာ
ယနေ့မှာတော့ အဆိုတော်ရေမွန် ကွယ်လွန်သွားတဲ့ စိတ်မကောင်းစရာသတင်းလေးကို ကြားသိခဲ့ရပါတယ်။ရေမွန်က အနုပညာမှာလည်း အရမ်းထူးချွန်ပြီး အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
အခုလိုမျိုး ရုတ်တရက်ဆုံးပါးသွားတဲ့ ရေမွန်အတွက် အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေကကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းနေကြတာဖြစ်ပါတယ်။ရေမွန်ကတော့ နွေဦးတော်လှန်ရေးမှာလည်းဖေဖော်ဝါရီလကတည်းက အားကြိုးမာန်တက်ပါဝင်ခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာတော့ ရေမွန်က လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး အဆင်ပြေသလိုနေထိုင်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့် အစာအိမ်သွေးကြောပေါက်ပြီး အခုလိုဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။
အနုပညာရှင်တွေကတော့ရေမွန်လို အရမ်းတော်တဲ့ အဆိုတော်ကို ဆုံးရှုံးလိုက်ရလို့ အရမ်းခံစားရပြီး သူနဲ့အမှတ်တရတွေကိုတင်ပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အဆိုတော်မေခလာက ရေမွန်နဲ့ပတ်သတ်ပြီး ရင်ဖွင့်လာတာဖြစ်ပါတယ်။
ရေမွန်က လူကြီး၊မိဘကိုသိတတ်ပြီး အရမ်းလိမ္မာတဲ့အပြင် မျိုးချစ်စိတ်လည်းအပြည့်ရှိပါတယ်။မေခလာကတော့သား ချစ်ငယ်ကို အကြွေးရှိတယ်နော်ဆိုပြီး ကန်တော့တတ်တဲ့ကလေး အကြွေးဆိုတာ ငွေမဟုတ်ပါ သီချင်းပေးဖို့ကျန်တဲ့ သီချင်းကြွေးပါ။
တွေ့တိုင်း တွေ့တိုင်း တွေ့တိုင်း အခု တစ်သက်လုံးမတွေ့ရတော့ဘူးနော် သားလေးရေ အကြွေစောလွန်းလို့ ငိုရပါပြီ ကိုယ့်သားလေးလိုချစ်ခဲ့တဲ့ အမေတစ်ယောက်ရဲ့ ခံစားမှုနဲ့အတူငိုနေရပါပြီသားရေ ဆိုပြီး ရင်တွင်းခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။
Crd
Unicode
Crd
Add a Comment
Your email address will not be published. Required fields are marked *