လကုန်ပြန်လာမယ်ဆိုတဲ့ချစ်သူက ရုတ်တရက် သေဆုံးသွားလို့ ဘယ်တော့မှပြန်မရတော့မယ့်အမှတ်တရလေးတွေပြောပြကာ ဝမ်းနည်းပူဆွေးနေတဲ့ ရေမွန်ချစ်သူကောင်မလေ

လကုန်ပြန်လာမယ်ဆိုတဲ့ချစ်သူက ရုတ်တရက် သေဆုံးသွားလို့ ဘယ်တော့မှပြန်မရတော့မယ့်အမှတ်တရလေးတွေပြောပြကာ ဝမ်းနည်းပူဆွေးနေတဲ့ ရေမွန်ချစ်သူကောင်မလေး

ဒီနေ့မနက်တွင် ပရိသတ်တွေ ချစ်ကြတဲ့ Idiots အဖွဲ့မှ အဆိုတော် ရေမွန်ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်နော်။စကစဘက်မှ၅၀၅(က)နဲ့အမှုဖွင့်ထားတာကြောင့် ဝရမ်းပြေးအဖြစ် နဲ့လွတ်မြောက်နယ်မြေတွင် ရှောင်ပြေးနေရတာပါနော်။

သူဟာ အစာအိမ်သွေးကြောပေါက်သွားတာကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ သူငယ်ချင်း ဖြစ်သူ နိုဗန်ထူးကတင်ထားပါတယ်နော်။ဒီသတင်းဟာ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အရမ်းကို ဝမ်းနည်းပူဆွေးစရာပါပဲနော်။

အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ပြီး သူချစ်တဲ့ ပရိသတ်တွေအပေါ်လည်း တာဝန်ကျေပွန်လွန်းတဲ့ ရေမွန်ကိုဆုံးရှုံးလိုက်ရတာ အရမ်းကိုနာကျင်စရာကောင်းလွန်းပါတယ်နော်။


သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်းဆိုရှယ်မီဒီယာထွက်တွင် မြင်နေရပြီး လွန်ခဲ့တဲ့နာရီပိုင်းမှာ ရေမွန်ရဲ့ ချစ်သူကောင်မလေးမှ သေဆုံးသွားပြီဖြစ်တဲ့ ချစ်သူကိုခံစားချက်များရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

အကြွေစောပေမယ့်လည်းသူဖန်တီးထားတဲ့သီချင်းတွေကတော့တစ်သက်လုံးရှင်သန်နေမှာပါနော်။သူမသွားခင်က နဲ့ ဟိုရောက်သွားတဲ့ပုံမဲသဲလာတဲ့ ရည်းစားလေးကို သနားလွန်းလို့ဟိုရောက်တော့ စားချိန် ထချိန် အကုန် မှန်တော့ ဖောင်းကားလာတာသူ့ကို အုန်းမဲလုံးလို့ စရင် $ကလေးနော်လို့ ပြန်အော်တတ်သေးတာ။

ခုတော့ မနက်ရုံးသွားရင် နှိုး ပေးမဲ့ My Tiger ဆိုတဲ့ contact ကလည်း အဝင်မရှိတော့ဘူး ကိုယ် အပြင်သွားရင် video call တွေခေါ်မဲ့ Tiger 8834 account ကလည်း အဝင် call မရှိတော့ဘူး။

Goodnight ဆိုပြီး cringe ဖြစ်စရာ Gif တွေလည်း မကြည့်ရတော့ဘူးဘဝမှာ Katherine Thann နဲ့မှ အချစ်ကို သေချာသိတာပါ ဆိုပြီး အပိုတွေနဲ့ အဖားမခံရတော့ဘူး။

ကိုယ့်ဘာသာကို ချော်လဲတာ ထိခိုက်မိတာတွေ ပြောပြရင် sorry babe ဉုံဖွနော် လို့ မကြားရတော့ဘူး။ကိုကိုက ဘဝမှာ cheat မလုပ်ဖူးတာ ဘေဘီ၁ယောက်ထဲရှိတာ တော့ ဂုဏ်ယူလိုက်စမ်းပါ ဆိုပြီး ကြွားတာတွေ မကြားရတော့ဘူး။

ဘေဘီနဲ့ကြိုက်မှ ပေါင် ၁၃၀ ဖြစ်ဖူးတော့တယ်ပြောပြီး သူ့ထက် ၁လက်မနဲ့ ၁၀ပေါင် ပိုတဲ့ ကေ့ကို ကုန်းပိုး ပွေ့ ချီပြီးလျောက်မသွားတော့ဘူး။

ကိုကို့ ကို rock concert ၃ပွဲ လိုက်ပေး ရင် ဘေဘီ့ကို EDM ၅ပွဲ ပြန်လိုက်ပေးမယ် ဂုတ်ပေါ်လည်းတင်မယ်ဆို။ခုတော့ ဘယ်မှလည်း မသွားလိုက်ရဘူး။Europe ဘက်ခရီးတွေထွက်မယ် ပိုက်ဆံစုကြမယ် သဲလေးဆိုပြီး ဘယ်မှလဲ မရောက်လိုက်ဘူး။

တတ်တူးတိုးဖို့ လုပ်ထားတာ သူမရှိလို့ ပေးမထိုးပဲ ကိုကိုက babe life ရဲ့ first tattoo ထိုးတာကို ဘေးကနေ လက်လေးကိုင်ပြီး စောင့်ပေးချင်တာလေ ဆိုပြီး ဂျီကျမခံရတော့ဘူး

လကုန် ပြန်လာချင်လို့ လာခေါ်ပေးပါဆိုပြီး စီစဉ်နေရာက လတောင်မကုန်သေးဘူး dead body နဲ့ပြန်လာမှာလား။ဖုန်းထဲ gallery ကြည့်လိုက်ရင် သူနဲ့ပုံက ၄ပုံ၃ပုံခုထိလဲ မယုံနိုင်သေးဘူး လက်လဲမခံပေးနိုင်သေးဘူးဆိုပြီးတင်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် သူမက ချစ်သူရေမွန်နဲ့နောက်ဆုံးပြောဖြစ်ခဲ့တဲ့Conversation ကိုလည်း Screenshots ရိုက်ပြီး တင်ထားတာ ဖြစ်ပါတယ် ။

ပရိတ်သတ်တွေကိုဘယ်တော့မှမေ့မရတော့မယ့်သီချင်းတွေနဲ့ချန်ထားခဲ့တဲ့ကိုတွတ်ပီလို့အများကခေါ်ကြတဲ့အဆိုတော်ရေမွန်တစ်ယောက်ကောင်းရာဘုံဘဝမှာအေးချမ်းစွာနဲ့အနားယူပါတော့နော်..။

နောက်ဘဝများရှိခဲ့ရင်လည်း အခုလိုပရိတ်သတ်အချစ်တွေခံယူနိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်.။
ဖတျရှုပေးတဲ့ပရိတျသတျကွီးကိုအထူးပဲကြေးဇူးတငျရှိပါတယျ။
Crd

 















ဖတ်ရႈေပးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲေၾကးဇူးတင်ရွိပါတယ်။
Crd

Add a Comment

Your email address will not be published. Required fields are marked *