ပိုင်ရှင်မဲ့သွားပြီဖြစ်လို့ အထီးကျန်စွာ ကျန်ရစ်ခဲ့ရှာတဲ့ ရေမွန်ရဲ့ အိပ်ခန်းလေးနဲ့ အသုံးအဆောင်ပစ္စည်းတွေ

ပိုင်ရှင်မဲ့သွားပြီဖြစ်လို့ အထီးကျန်စွာ ကျန်ရစ်ခဲ့ရှာတဲ့ ရေမွန်ရဲ့ အိပ်ခန်းလေးနဲ့ အသုံးအဆောင်ပစ္စည်းတွေ

အနုပညာရှင်ကောင်းတစ်ယောက်အဖြစ် တေးသီချင်းလောကမှာ ရပ်တည်ခဲ့တဲ့ အဆိုတော်ရေမွန်ကတော့ မနေ့က၊ဇွန်လ (၂၃) ရက်နေ့မှာပဲ အစာအိမ်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး ရုတ်တရက်ကွယ်လွန်သွားတဲ့ ရေမွန်အတွက် ပရိသတ်တွေကလည်း ဘယ်လိုမှမယုံကြည်နိုင်အောင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုနဲ့ ရေမွန်ရဲ့ချစ်သူကတော့ အခုချိန်မှာ ဝမ်းနည်းနာကျင်ပြီး ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။

ရေမွန်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကလည်း သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကို လူမှုကွန်ယက်စာမျက်နှာပေါ် တင်ပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ပိုင်ရှင်မဲ့သွားတဲ့အိပ်ခန်းလေးနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုကြည့်ပြီး ပရိသတ်တွေက ဝမ်းနည်းနေကြတာဖြစ်ပါတယ်။ရေမွန်ရဲ့အိပ်ခန်းလေးက သပ်သပ်ရပ်ရပ်ရှိပြီး အနုပညာတွေဖန်တီးတဲ့နေရာလေးဖြစ်လို့ နေချင်စဖွယ်ကောင်းလှပါတယ်။

အနုပညာတွေဖန်တီးတဲ့ နေရာလေးကလည်း အခုချိန်မှာ အထီးကျန်နေခဲ့ရှာပြီဖြစ်ပါတယ်။အနုပညာနဲ့ပတ်သက်ရင် အရမ်းတော်ပြီး ထူးချွန်တဲ့ ရေမွန်ကတော့ ပရိသတ်တွေနဲ့ မိသားစုကို အပြီးတိုင်နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ သီချင်းလေးတွေကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ထာဝရတည်ရှိပြီး အမြဲအမှတ်ရနေမှာပဲဖြစ်ပါတယ်။ဒါ့ကြောင့် ရေမွန်အသုံးပြုခဲ့တဲ့ အိပ်ခန်းလေးနဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို အမှတ်တရအနေနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd

Unicode






Crd

Add a Comment

Your email address will not be published. Required fields are marked *