ရှောင်တိမ်း နေရချိန်လေး မှာ ရန်ကုန် ကိုလွမ်းမိတဲ့ အကြောင်းလေး နဲ့ ခံစားချက်အချို့ကို မျှဝေလာတဲ့ မင်းမော်ကွန်း

ရှောင်တိမ်း နေရချိန်လေး မှာ ရန်ကုန် ကိုလွမ်းမိတဲ့ အကြောင်းလေး နဲ့ ခံစားချက်အချို့ကို မျှဝေလာတဲ့ မင်းမော်ကွန်း

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရား ကို လိုလားကြတဲ့ ပြည်သူတွေ နဲ့အတူ

အနုပညာရှင် များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း

ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း လည်း အပါအဝင်ပါပဲ။

မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး

လူငယ်တွေ ရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိ

ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ

ပါဝင်ခဲ့တဲ့အနုပညာရှင် တစ်ယောက်ပါ။

မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်း လမ်းမထွက်ကာ လှုပ်ရှားမှုတွေမှာ

စိတ်ရော ကိုယ်ပါနှစ်ပြီး ပါဝင်သလို ဖြိုခွင်းမှု တွေကြောင့်

ထိခိုက်နစ်နာသူတွေကိုလည်း စာနာ နားလည်မှုလေးတွေနဲ့ အတူ

ဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း

မင်းမော်ကွန်းက ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

မင်းမော်ကွန်းရဲ့ဖခင်ဦးဇင်ဝိုင်း လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး

ယမန်နေ့ကမှပြန်လည်လွတ်မြောက်

မင်းမော်ကွန်းက ရှောင်တိမ်းနေရပေမယ့်လည်း သူ့ရဲ့ လူမှုကွန် ယက်စာမျက်နှာကနေပြည်သူတွေအတွက်

ခွန်အားဖြစ်စေနိုင်တဲ့စာလေးတွေ နဲ့ သတင်းအချက်လေးတွေကိုလည်းမျှဝေပေးနေတာဖြစ်ပါတယ်။

မကြာသေးမီကတော့ မင်းမော်ကွန်းက သူ့ရဲ့ Facebookစာမျက်နှာမှ

ာ “ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတော့ ရန်ကုန်ကိုလဲ သိပ်လွမ်းတယ်ဗျာ

ခုထိရော ည၈နာရီဆိုရင် ရန်ကုန်မှာ သံဗုံးတွေ တီးကြသေးလား ကျွန်တော့်အိမ်မက်က

ရန်ကုန်ကိုအမြန်ဆုံးပြန်လိုချင်တာ……” ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Min MawKunn’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *