မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပေးအပ်ထားတဲ့ ယာယီဥက္ကဌတာဝန်မှ နှုတ်ထွက်ခွင့်ပြုပါရန်တောင်းဆိုလိုက်တဲ့ အကယ်ဒမီခန့်စည်သူ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပေးအပ်ထားတဲ့ ယာယီဥက္ကဌတာဝန်မှ နှုတ်ထွက်ခွင့်ပြုပါရန်တောင်းဆိုလိုက်တဲ့ အကယ်ဒမီခန့်စည်သူ

ပရိတ်သတ်ကြီးရေ..အနုပညာလောကမှာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းမှားစွာကို

ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက်

ပရိတ်သတ်အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့တဲ့အပြင်

အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်နဲ့ရရှိခဲ့တဲ့

မင်းသားတစ်လက်ပဲဖြစ်ပါတယ်နော်။ခန့်စည်သူဟာဆိုရင် ယခုလက်ရှိဖြစ်ပေါ်နေတဲ့

နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ဘာတစ်ခုမှမလှုပ်ရှားတဲ့အပြင်

လူမှုကွန်ယက်စာမျက်နှာကနေပါ Speak Out မလုပ်တဲ့အတွက်

ပရိတ်သတ်တွေရဲ့ဝေဖန်ပြောဆိုမှုတွေကိုအပြင်း

အထန်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ခန့်စည်သူက ပရိတ်သတ်တွေသူ့ကို ပြောဆိုနေတာတွေကို မတုန့်ပြန်ပဲ

အမှန်တကယ်လိုအပ်နေတဲ့ပြည်သူတွေကို

စားနပ်ရိက္ခာများအစဉ်မပြတ်သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော်။

သူတို့ရဲ့အနုပညာလောကထဲမှ အနုပညာရှင်ကြီးတွေကိုလည်း

သူတတ်နိုင်သလောက်ကိုယ်တိုင်သွားရောက်ဂါရဝပြုခဲ့တာကိုလည်း

တွေ့မြင်ခဲ့ရပါသေးတယ်နော်။

အခုလတ်တလောမှာဆိုရင်လည်းခန့်စည်သူကို မြန်မာနိုင်ငံရဲ့ရုပ်ရှင်အစည်းအရုံးမှာ

ယာယီဥက္ကဌအဖြစ်တာဝန်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်နော်။

အဲ့ဒီလိုတာဝန်ပေးအပ်တာနဲ့

ပတ်သက်ပြီး ပရိတ်သတ်တွေရဲ့ဝေဖန်ပြောဆိုမှုတွေအပြင် အနုပညာရှင်တွေကပါ

အစည်းအရုံးမှအသီးသီး နှုတ်ထွက်ကုန်ကြတာပဲဖြစ်ပါတယ်နော်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး

ဒီကနေ့မှာတော့ ခန့်စည်သူက ရုပ်ရှင်အစည်းအရုံးမှ ပေးအပ်ထားတဲ့

ယာယီဥက္ကဌတာဝန်မှ နှုတ်ထွက်ခွင့်ပြုပါရန် တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်နော်..။

ပရိတ်သတ်တွေကလည်း ခန့်စည်သူရဲ့ဆုံးဖြတ်ချက်ဟာမှန်ကန်ကြောင်းပြောဆိုထားတာကိုလည်း

တွေ့ရပါသေးတယ်နော်။ခုလိုခန့်စည်သူတစ်ယောက် ဥက္ကဌရာထူးမှနှုတ်ထွက်သွားတဲ့

အပေါ်ပရိတ်သတ်တွေရဲ့ထင်မြင်ချက်တွေကိုလည်း ပြောခဲ့ပါအုံးနော်..။

ဖတ်ရှုပေးတဲ့ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို

ကျေးဇူးအထူးပဲတင်းရှိပါတယ်။

Credit ; Celebrity Platforms

celethatin





Add a Comment

Your email address will not be published. Required fields are marked *