ပြည်သူ(၂၇)ယောက် ကျဆုံးခဲ့ရတဲ့ အဓိကတရားခံဖြစ်တဲ့ ကျုံပျော်က ကျောင်းဆရာမကို ထိထိမိမိပြောလာတဲ့ ဟားငါးကောင်ရဲ့ဗီဒီယို

ပြည်သူ(၂၇)ယောက် ကျဆုံးခဲ့ရတဲ့ အဓိကတရားခံဖြစ်တဲ့ ကျုံပျော်က ကျောင်းဆရာမကို ထိထိမိမိပြောလာတဲ့ ဟားငါးကောင်ရဲ့ဗီဒီယို

ဒီကနေ့ ဇွန်လ(၅)ရက်နေ့မှာ ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ မနက်ပိုင်းကတည်းက

မြို့ခံပြည်သူတွေနဲ့ စစ်ကောင်စီတို့ အပြင်းအထန်တိုက်ပွဲဖြစ်ကာ ပြည်သူ(၂၇)ယောက် ကျဆုံးသွားခဲ့ကြရပါတယ်..။

ဒလန်ကျောင်းဆရာမကြောင့် တိုက်ပွဲပြင်းထန်ပြီး ၄နှစ်အရွယ်ကလေး အပါအဝင်

ပြည်သူ (၂၇)ယောက် ကျဆုံးခဲ့ရတာကြောင့် အားလုံးက ဒေါသတကြီး ယူကြုံးမရဖြစ်နေခဲ့ကြရသလို

တောထဲတောင်ထဲမှာ ဒုက္ခအခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ဖြတ်သန်းနေတဲ့ ဟားငါးကောင်

လူရွှင်တော်အဖွဲ့ကလည်း အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပြောလာပါတယ်..။

အရေးတော်ပုံအောင်မြင်ဖို့အတွက် တော်လှန်ရေးသူရဲကောင်းတွေအပြင် ပြည်သူတွေအားလုံးကတညီတညွှတ်တည်း

ကြိုးစားနေအချိန်မှာ ဒလံလုပ်ပြီးအသက်နှုတ်နေတဲ့ ကျုံပျော်ကကျောင်းဆရာမကို ထိထိမိမိပြောတာ ဖြစ်ပါတယ်..။

အနာဂတ်သားကောင်းရတနာတွေကို မွေးထုတ်ပေးရမယ့်အစား ဒလံလုပ်နေတာကို ရှက်တတ်ဖို့နဲ့

လိပ်ပြာလုံဖို့ကို ဗီဒီယိုဖိုင်နဲ့အတူ မေးခွန်းထုတ် ပြောထားတာပဲ ဖြစ်ပါတယ်..။

တိုင်းပြည်ကို ကယ်တင်ဖို့အတွက် GZ တွေရော ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ရေ

ာ တိုင်းရင်းသားလက်နက်ကိုင်တွေရော အားလုံးက တညီတညွှတ်တည်း အစီအစဉ်တစ်ခုကို

ကြိုးစားနေတဲ့အချိန်မှာ နောင်လာမယ့်အနာဂတ် သားကောင်းရတနာတွေကို မွေးထုတ်ပေးရမယ့်

နင်လိုဆရာမက ဒလံလုပ်နေရလား လိပ်ပြာလုံရဲ့လား.. ဆိုပြီး ပြောထားကြတာ ဖြစ်ပါတယ်..။

ပြည်သူတွေနဲ့အတူ တော်လှန်ရေးတိုက်ပွဲကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကြိုးစားနေတဲ့

ဟားငါးကောင်လူရွှင်တော် အဖွဲ့ကတော့ လက်ရှိအခြေအနေတွေမှာလည်း

စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ..။

celethatin

Add a Comment

Your email address will not be published. Required fields are marked *